LP ဓါတ်ငွေ့အကြောင်း
၁အိုးမဲပေကျံမှုလျော့နည်းပြီး၊ ပြာမထွက်သည့်အတွက် သန့်ရှင်းစွာကိုင်တွယ် အသုံးပြုနိုင်ပါသည်။
၂မီးအားနှင့် အပူရှိန်အားသည် ကောင်းမွန်သဖြင့်ဟင်းချက်ရာတွင် ဟင်းအရသာကောင်မွန်စေသည့်အပြင်၊ ရေနွေးကြိုချက်သည့်အခါတွင်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
၃လျှပ်စစ်မီးနှင့် နိုင်ယှဉ်ပါက ၊ သဘာဝဘေးအန္တရာယ်ကျရောက်အခါတွင်လည်း ခံနိုင်ရည်အားကောင်း၍ အချိန်တိုအတွင်းတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။
ဖြန့်ဖြူးသည့်နည်းလမ်း
LP ဓာတ်ငွေ့ ကိုဖြန့်ဖြူးသည့်နည်းလမ်းပုံစံနှင့် ပတ်သက်၍ ပိုက်ကိုအသုံးပြု၍ဖြန့်ဖြူးသည့်နည်းလမ်းကို အကြံပြုတိုက်တွန်းလိုပါသည်။
ပိုက်ဖြင့် ဖြန့်ဝေသည့်နည်းလမ်းဆိုသည်မှာ ဘယ်လိုအရာလဲ?
ပိုက်ကိုအသုံးပြု၍ ဓာတ်ငွေ့ ကိုဖြန့်ဖြူးခြင်းဆိုသည်မှာ ဓာတ်ငွေ့အရည်ထည့်သည့် ဂက်စ်အိုး ၊ ဓာတ်ငွေ့ သိုလှောင်ကန် အစရှိသည်တို့ကို အိမ်အပြင်ဘက်လုံခြုံစိတ်ချရသောနေရာတွင် အမျိုးမျိုးသော လုံခြုံရေး ကိရိယာများနှင့် လုံခြုံစိတ်ချမှုရှိစေရန်ထားရှိရပါ၍၊ မာကျောတောင့်တင်းသော သံပိုက်လုံး (သို့မဟုတ်) နောက်ဆုံးနည်းပညာဖြင့် ထုတ်လုပ်ထားသည့် Polyethylene ပိုက်ကိုအသုံးပြုကာ လုံးချင်းအိမ် တိုက်ခန်းအိမ်ရာ (Apartment၊ Mansion)၊ စားသောက်ဆိုင်၊ စက်ရုံ အစရှိသည့် နေရာများသို့ ဖြန့်ဖြူးသည့် နည်းစနစ်ကိုခေါ်ပါသည်။
အဆိုပါ နည်းစနစ်ကို ဂျပန်နိုင်ငံ၊ အနောက်နိုင်ငံအစရှိသည့် နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အဓိကအသုံးများသည့် ဓာတ်ငွေ့ဖြန့်ဖြူးသည့် နည်းစနစ်မှာ ဂက်စ်အိုးကနေ ရာဘာပိုက်ကို တစ်ဆင့်ဖြတ်၍ ဖြန့်ဖြူးသည့်စနစ်ဖြစ်ပါသည်။ သို့သော် အဆိုပါဖြန့်ဖြူးသည့် နည်းစနစ်သည် လုံခြုံစိတ်ချရမှု မရှိပဲ၊ အလွန်အန္တရာယ်များ လှပါသည်။